Friday, May 18, 2018

18082 Alex and the List (2018) {Comedy,omance}

အချစ်ဟာသ Romance ကိုမှ ကြည့်ချင်တဲ့သူတွေအတွက် Alex and the list ဆိုတဲ့ အချစ်ဇာတ်မြူးကား ကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ
ဒီကားလေးကတော့ Burbank Film Festival မှာ Comedy Feature အနေနဲ့ winner ဆု ရရှိထားတာပြီး
ဒီကားနဲ့ပဲ Best Actor Award ကို ရရှိထားတဲ့ Patrick Fugit က Alex အဖြစ် အဓိက ပါဝင်သရုပ်ထားဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ Alex ဟာ ခွေးချစ်တဲ့ လူရိုး လူအေး တစ်ယောက်၊
သူက Katherine ဆိုတဲ့ အမျိုးသမီးနဲ့ ချစ်သူတွေဖြစ်နေကြပါတယ်။
Katherine က ချမ်းသာတဲ့ ဂျူးမိသားစုက ဆင်းသက်လာတဲ့ သူတစ်ယောက်၊
အဲ့တော့ သူမက Alexကို သူမ လိုချင်တဲ့ယောက်ကျားလေးပုံစံ၊
ပြောင်းလဲ စေချင်တဲ့အချက်တွေကို list ချရေးပြီး Alex ကို list အတိုင်းလုပ်ခိုင်းခဲ့တဲ့အခါမှာ
Alex တစ်ယောက် သူ့ချစ်သူလိုချင်တဲ့ Ideal Couple မျိုးကို သူရအောင်လိုက်လုပ်နိုင်ပါ့မလား၊
လိုက်လုပ်တဲ့အခါမှာလည်း အလွဲအမှားတွေနဲ့ ဟာသဆန်ဆန် တွေ့ရမှာဖြစ်တဲ့အတွက် ကြည့်ရတဲ့ ပရိသတ်ကို အူမြူးစေမှာပါ။
Alex အတွက် ခက်ခဲတဲ့ Katherine ရဲ့ list ဟာလည်း တွေဖြစ်မလဲ၊
Alex ဟာလည်း သူ့ရဲ့ချစ်သူနဲ့ အရာရာမှာ ကွာခြားမှု၊ အဆင့်အတန်း မတူညီမှုတွေကြောင့် Katherine နဲ့ ရွှေလက်တွဲနိုင်ပါ့မလားဆိုတာ ရင်ခုန်စွာ ကြည့်ရမှာပါ။
Credit:Channel Myanmar

No comments:

Post a Comment