Thursday, May 17, 2018

18069 Candy Jar (2018) {Comedy}

“အသက်မွေးဝမ်းကြောင်းအလုပ်အကိုင်လမ်းကြောင်းကိုမှ ချမပေးနိုင်ဘဲ တက္ကသိုလ်တွေက ဘာတွေများပေးနေပါသလဲ? …” ”
ကျွန်မတို့ဟာ ကျောင်းသားတွေမဟုတ်တော့ပါဘူး စက်ရုပ်တွေပါ…”
“အသက် ၁၆နှစ်မှာငယ်သေးလို့ဆိုပြီး မဲပေးခွင့်မရ အရက်သောက်ခွင့်မရပေမယ့် ဘဝတစ်ခုလုံးအတွက်အရေးအကြီးဆုံး လမ်းကြောင်းကိုတော့ ၁၆နှစ်မှာပဲရွေးခိုင်းလိုက်ကြတယ်…
ရှင်တို့ လာနောက်နေတာလား? ”
အပေါ်ကစာသားတွေဟာ ကိုယ်နှစ်သက်ပြီး ရင်ထဲထိမိတဲ့ ရုပ်ရှင်ထဲက ဒိုင်ယာလော့တွေပါ…
ဒီကားလေးကို NetFlix ရုပ်သံလိုင်းကနေထုတ်လွင့်ပြသပေးခဲ့တာဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံရဲ့ ပညာရေးစနစ်နဲ့ တော်တော်လေး ပဏာသွားပါတယ်
မသိရင် မြန်မာ့ပညာရေးကိုလှောင်ပြောင်ထားသလားတောင်ထင်ရပါတယ်
တက္ကသိုလ်တစ်ခုကို ၅နှစ် ၆နှစ်တက် အလုပ်အကိုင်အခွင့်အလမ်းက မရှိ သူများနိုင်ငံကကျောင်းတွေမှာ တက္ကသိုလ်တွေမှာ Job Fair တွေ Job Hunting အတွက် ဘယ်လိုတွေ လုပ်ရတယ်ဆိုတာတွေကို သင်ကြာပေးပါတယ်
မြန်မာကကျောင်းတွေမှာတော့ နတ္တိပါ အဆံမရှိပဲမြေပဲတောင့်လိုပါပဲ
အပြင်ပန်းကတော ဟုတ်နေတာပဲ လက်တွေကမှာတော့ အလုပ်မရှိယောင်၆၀ လူငယ်တွေဟာ ဒု နဲ့ ဒေးပါပဲဗျာ ကဲ ဇာတ်လမ်းအကျဉ်းလေးကိုသွားလိုက်ရအောင်
“Candy Jar”ဟာ အထက်တန်းကျောင်းတစ်ကျောင်းရဲ့ Debate ပြိုင်ပွဲတစ်ခုကို အခြေပြုပြီး လက်ရှိပညာရေးစနစ်ကို သုံးသပ်မိစေဖို့ မီးမောင်းထိုးပြထားတဲ့ဇာတ်ကားကောင်းလေးမို့ အထွေအထူးမညွှန်းတော့ပဲ ကြည့်ဖြစ်အောင်ကြည့်လိုက်ပါလို့
CM ပရိသတ်များအတွက် လက်တို့ အသိပေးလိုက်ပါတယ်
ဒီကားထဲမှာ ပြောတဲ့စကားတွေကတော့ တော်တော် လေးထိမိပါတယ်လို့ပြောလိုက်ချင်ပါတယ်
Credit:Channel Myanmar

No comments:

Post a Comment