Saturday, May 5, 2018

18033 Psychokinesis (2018) Korea {Action,Adventure,Fantasy}


Psychokinesis ကိုးရီးယားရုပ်​ရှင်​ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ဇန်​န၀ါရီက ထွက်​ရှိထားတဲ့ ဟာသအက်​ရှင်​ကား​လေးဖြစ်​ပါတယ်
Imdb rating အ​နေနဲ့ 5.8/10ရရှိထားပြီး ဇာတ်​လမ်းကြာမြင့်​ချိန်​ ၁နာရီ မိနစ်​​၄၀ရှိပါတယ်
ဒီဇာတ်​ကားကိုရိုက်​ကူးထားတဲ့ ဒါရိုက်​တာက​တော့ နာမည်​ကြီး Train to Busan ဇာတ်​ကားကို အသက်​သွင်းခဲ့တဲ့ Yeon Sang Ho ဖြစ်​ပါတယ်
ဇာတ်​လိုက်​မင်းသားကြီး​နေရာမှာ တော့ဝါရင့် သရုပ်​​ဆောင်​ Ryun Seung Ryong မှပါဝင်ပေးထားပါတယ်။
မင်းသမီးက​တော့Shim Eun Kyung ဖြစ်​ပါတယ်
ဒီဇာတ်​ကားဟာ သာမန်​အက်​ရှင်​ကား​တွေလို တိုက်​ခိုက်​ခန်း​တွေ မင်းသားနဲ့မင်းသမီးချစ်​ကျွမ်းဝင်​တာ စတာ​တွေကို ရိုက်​ကူးထားတာမဟုတ်​ပါဘူး…..
သဘာဝလွန်​စွမ်းအားကိုမ​တော်​တဆရရှိသွားတဲ့ဖခင်​ဖြစ်​သူက သမီး​လေးကို ကာကွယ်​ဖို့ကြိုးစားအားထုတ်​ပုံ…..
တစ်​ခြားသူ​တွေကိုတက်​နိုင်​သ​လောက်​ကူညီ​ပေးပုံစတာ​တွေကိုရိုက်​ကူးထားတာဖြစ်​ပါတယ်​….
ပိုစတာမှာပြထားသလို ​ကောင်းကင်​ယံမှပျံဝဲ​နေတဲ့ လူကြီးတစ်​​ယောက်​ဟာ ဘယ်​လို​တွေအစွမ်းပြသွားမလဲဆိုတာ ပရိသတ်​​တွေကြည့်​ရှုလိုက်​ပါဦး​နော်
(ဘာသာပြန်သူကတော့ မေသဇင်မြင့်ပါ)
Credit:Channel Myanmar

No comments:

Post a Comment