Saturday, May 5, 2018
18047 Wildling (2018) {Fantasy}
အခု Horror / Mystery ပရိတ်သတ်တွေအတွက် IMDB 7/10 ရရှိထားတဲ့ ဒီ Wilding ဆိုတဲ့ကားလေးကို တင်ဆက်ပေးချင်ပါတယ်
Carrie တို့ ခုနောက်ပိုင်းထွက်ထားတဲ့ Thelma တို့လို Supernatural/ Thriller ကိုကြိုက်နှစ်သက်ခဲ့ကြတဲ့ ပရိတ်သတ်တွေ ဒီကားလေးကိုကြိုက်ကြမယ်ထင်ပါတယ်
ဇာတ်လမ်းလေးကတော့
အန်နာလို့ခေါ်တဲ့ကလေးမလေးတစ်ယောက်က သူ့အဖေနဲ့ မြို့ငယ်လေးတစ်မြို့မှာ နေပါတယ်
ဒါပေမယ့် ထူးဆန်းတာက သူ့အဖေက အန်နာလေးကို အိမ်ထဲကအိမ်ပြင်မပြောနဲ့ အခန်းထဲကတောင်ပေးမထွက်ပါဘူး
အစားအသောက်ဆိုလည်း သက်သက်လွတ်ပဲကျွေးပါတယ်
ဒီလိုနဲ့ အန်နာလေးအရွယ်ရောက်လာတဲ့တစ်နေ့ မထင်မှတ်ထားတဲ့အဖြစ်အပျက်တွေဖြစ်ပြီး သူ့ဘဝမှာပထမဆုံးအကြိမ် အပြင်လောကကိုရောက်သွားပါတော့တယ်
ဒါ့အပြင် သူ့အဖေလို့ထင်ထားခဲ့တဲ့သူက သူ့အဖေအရင်းမဟုတ်မှန်းသိလိုက်ရတဲ့အခါ ..
သူ့မိဘအရင်းတွေက ဘယ်သူတွေလဲ…
သူ့ကိုဘာလို့ပိတ်လှောင်ထားခဲ့တာလဲ…
ဇာတ်လိုက် အန်နာအဖြစ် Diary of a teenage girl ထဲမှာလည်း ပါဝင်ခဲ့တဲ့ Bel Powley ကသရုပ်ဆောင်ထားပြီးEnding Song အဖြစ်သုံးထားတဲ့ Linda Perry ရဲ့ Wildling ဆိုတဲ့သီချင်းလေးကလည်းဇာတ်လမ်းနဲ့အတော်လိုက်ဖက်တာမို့ ကြည့်ရှုခံစားပေးကြပါဦး
Credit:Channel Myanmar
Subscribe to:
Post Comments (Atom)

No comments:
Post a Comment