ဒီကားလေးကတော့ သိပ္ပံဆန်ဆန်စိတ်ကူးယဉ်ဆန်ဆန်နဲ့ ပေါ့ပေါ့ပါးပါးကြည့်လို့ကောင်းမယ့် ကားလေးတစ်ကားပါ…
အာကာသထဲကိုခရီးတစ်ခုအတူတူထွက်ကြရင်းကနေ သူတို့အားလုံးကိုယ်စီမှာ လေဆာလက်နက်ဆန်းတစ်ခုစီကိုရလာခဲ့ကြပါတယ်…
ဒီလက်နက်တွေအကုန်လုံးကလည်း ၀တ်ပြီးရင်းပြန်ချွတ်လို့မရကြပါဘူး….
ဒါကြောင့် သူတို့တွေအကုန်လုံးဟာ နေ့စဉ်လည်ပတ်နေတဲ့အချိန်ဇယားတွေကို ဒီလက်နက်ကြီးတွေဝတ်ပြီး အချိန်ကုန်နေခဲ့ရပါတယ်…
ဒါပေမယ့် သူတို့ဒီလက်နက်တွေကိုချွတ်ဖို့အခွင့်ရေးတစ်ခုပေါ်လာပါတယ်…
ဒါကတော့ သူတို့နဲ့အတူတူခရီးထွက်ခဲ့တဲ့ သူတို့ရဲ့သူငယ်ချင်း ၀ူဒီတစ်ယောက်အာကာသထဲကနေ ဂြိုလ်သားတွေရဲ့ပြန်ပေးဆွဲတာကိုခံလိုက်ရပါတယ်..
ဒါကြောင့် သူတို့အားလုံးသူတို့ရဲ့သူငယ်ချင်းကိုပြန်လည်ကယ်တင်ဖို့အတွက် နောက်တခေါက်ပြန်ပြီးတော့ အာကာသထဲကိုခရီးပြန်ထွက်ကြမှာပဲဖြစ်ပါတယ်…
ဒီကားလေးဟာ ကြည့်ရတဲ့လူတိုင်းအဖို့အမြင်တစ်မျိုးဆန်းစေမှာဖြစ်ပြီးတော့ မိသားစုနဲ့အတူတူ ကြည့်သင့်တဲ့ကားကောင်းလေးတစ်ကားဖြစ်ပါတယ်…
Credit:Channel Myanmar

No comments:
Post a Comment