Monday, May 7, 2018
18063 Primal Rage The Legend of Oh-Mah (2018) {Horror}
အတော်များများ Bigfoot ဆိုတဲ့သတ္တဝါကို ကြားဖူးကြမယ်ထင်ပါတယ်
ပုံပြင်တွေထဲ အမွှေးထူထူ ခြေထောက်ကြီးကြီး သတ္တဝါကြီးပေါ့
ဟိုး ၁၉၈၈ လောက်ကစပြီး အဲ့အကောင်ကြီးကို အခြေခံပြီးပုံဖော်ရိုက်ကူးကြတဲ့ horror ကားတွေ adventure ကားတွေလည်းစုံလို့ပါပဲ Animation ကားတောင်ပါလိုက်ပါသေးတယ်
ဒီကားလည်း အဲ့လိုကားတွေထဲက တစ်ကားပါပဲ မတူတာက အရင်ကားတွေထက်ပိုပြီး ဇာတ်အိမ်က ပိုခိုင်ပြီး ပိုသွက်လာတာပါပဲ အရင်ကားတွေထက် အသံပိုင်းမှာလည်းပိုကောင်းလာပါတယ်
ဇာတ်လမ်း အကျဉ်းလေးကတော့ လင်မယားနှစ်ယောက် ကားလေးတစ်စီးပေါ်မှာ .. မက်စ် ထောင်ကထွက်လာတာကို လာကြိုတဲ့ အက်ရှလေ..
သူတို့မှာ မူကြိုအရွယ်သားလေးတစ်ယောက်ရှိတယ်..
သူတို့နှစ်ယောက်နေရပ်ကိုအပြန် လမ်းမှာ မဖော်ရွေတဲ့ အပြင် ရိုင်းစိုင်းတဲ့ ဒေသခံတွေရှိတဲ့နယ်တစ်ခုကို အဖြတ် ကားပေါ်မှာ သူတို့နှစ်ယောက်ငြင်းခုန်တုန်း လူတစ်ယောက်ကိုတိုက်မိလို့ ဆင်းကြည့်တဲ့အခါ ထိုလူ့မှာ ရထားတဲ့ ဒဏ်ရာဒဏ်ချက်တွေက…
အဲ့ဒေသမှာပဲ ထူးထူးဆန်းဆန်းလူပျောက်မှုတွေဖြစ်နေတဲ့အခါ…
သိပ္ပံနည်းကျပဲ ယုံကြည်ချင်တဲ့ နယ်ထိန်းရယ် ….
ဒေသရဲ့ရှေးရိုးစွဲအစဉ်အလာတွေရယ်အားပြိုင်လာတဲ့အခါ…
ဘယ်ဟာကအမှန်တရားလဲ … လူတွေကို ဖမ်းဆီးနေတဲ့ တောထဲကတရားခံက ဘယ်သူလဲ…
ဒဏ္ဌာရီလာ bigfoot ဆိုတဲ့သတ္တဝါကရော တကယ်ရှိလား…
ထူးခြားတာကတော့ဒီဇာတ်ကားကို Special Effects ကျွမ်းကျင်ပညာရှင် Patrick Mcgee ကရိုက်ကူးခဲ့တာပါ
Ashley အဖြစ် Casey Gargliardi ပါဝင်ထားပါတယ် လောလောဆယ်တော့ Rating 7.5 တောင်ရရှိထားပါတယ်
Credit:Channel Myanmar
Subscribe to:
Post Comments (Atom)

No comments:
Post a Comment