Thursday, May 17, 2018

18072 Tremors ; A Cold Day in Hell (2018) {Action,Comedy,Horror}

ဒီကားလေးဟာဆိုရင် ဂရက်ဘွိုက်လို့ခေါ်တဲ့ လူသားစားဧရာမတီကောင်ကြီးတွေကတော့ tremor ဆိုတဲ့ titleလေးအတိုင်းပဲ ကြောက်စရာ ရင်ထိတ်စရာကောင်းပါတယ်
အဲ့သတ္တဝါတွေက ပူနွေးတဲ့ရာသီဥတုမျိုးမှာပဲ နေထိုင်ကြတာများပါတယ်
ဒါပေမဲ့ အိမ်မက်ဆိုးကြီးတစ်ခုလို ကနေဒါက အေးခဲနေတဲ့အာတိတ်ဝင်ရိုးစွန်းလိုနေရာဘက်ကို အကောင်တွေပြောင်းရွေ့လာကြပါပြီတဲ့
ဒီလို ထူးဆန်းတဲ့အကြောင်းတရားတွေကို ဖော်ထုတ်နေတဲ့အချိန်မှာပဲ ဘာ့တ်ဆိုတဲ့သူမှာ ဂရက်ဘွိုက်အကောင်ဆီကနေ သေနိုင်တဲ့ပြင်းထန်တဲ့ အဆိပ်မိထားပါလေရော
လူသားစား ဧရာမတီကောင်ကြီးတွေလက်က သူတို့တွေ ဘယ်လိုလွတ်အောင်တိုက်ကြမလဲ
ဒီကြားထဲ အကောင်ကြီးကို ဇီဝလက်နက်အဖြစ်နဲ့ အမြတ်ထုတ်မယ့် သူတစ်ချို့ရယ် အဆိပ်မိနေတဲ့ ဘာ့တ်ကရော ဘယ်လိုတွေရှေ့ဆက်ဖြစ်မလဲဆိုတာကတော့ ဒီကားလေးကို ကြည့်ပြီးရင် သိရမှာဖြစ်ပါတယ်
Horror ကားအမျိုးအစားလို့ဆိုပေမဲ့ စွန့်စားခန်းတွေ actionတွေနဲ့ ရယ်စရာဟာသလေးတွေပါပါနေတဲ့ ကားတစ်ကားပါ
Credit:Channel Myanmar

No comments:

Post a Comment