Saturday, May 5, 2018
18052 Be With You (2018) Korea {Fantasy,Romance}
Update movieလေးတွေကိုကြိုးစားတင်ဆက်ပေးနေတဲ့ အတိုင်းနောက်တစ်ကားလေးကတော့ Be with youဆိုတဲ့ 2018မှာထွက်ရှိလာတဲ့ Movieလေးပါ
ဂျပန်ရဲ့နာမည်ကြီးကားဖြစ်တဲ့ 2004မှာထွက်ထားတဲ့ ”Takuji Ichikawa” ကိုအခြေခံရိုက်ကူးထားတာပါ လူတိုင်းကြည့်ဖူးကြမယ်ထင်ပါတယ်
Korea versionကကောဘယ်လိုပြန်ရိုက်ကူးမလဲ ကြည့်ကြရအောင်
Main Casts တွေကတော့ Master’s of Sun , Battleship အပြင်အခြားနာမည်ကြီးကားတွေရဲ့ ဇာတ်ကျော်ကြီး ”So Ji Sub” နှင့် ကျောက်မဖြစ်တဲ့နှလုံးသားရုပ်ကြွင်း လက်ရှိနာမည်ကြီးနေတဲ့ Something in the rain ထဲက မင်းသမီး ”Son Ye Jin” တို့ကပါဝင်ထားကြပါတယ်
Rating မှာလည်း IMDb 7.4/10ထိရရှိထားပြီး Box Officeမှာလည်း US$19.3 millionထိရရှိထားပါတယ်
ဇာတ်လမ်းလေးကတော့
”ကောင်းကင်တိုင်းပြည်နဲ့လူသားကမ္ဘာကိုဆက်သွယ်ပေးတဲ့ ဘူတာရုံးလေးတစ်ခုရှိပါတယ်
မိုးရာသီရောက်ရင် ကိုယ်မျှော်နေတဲ့သူက မိုးနှင့်အတူပြန်ရောက် လာမယ်လို့ဆိုစမှတ်ပြုကြတယ်”
ဇနီးဆူးအာ(SoYeJin)ဖြစ်သူကွယ်လွန်ပြီးသားဖြစ်သူ ဂျီဟိုကိုတစ်ယောက်တည်းစောင့်ရှောက်လာတဲ့ ဝူဂျင်း (So Ji Sub)
ဒါပေမဲ့ သူမ မဆုံးခင်မှာတစ်နှစ်ကြာရင်ပြန်လာမယ်လို့ကတိပေးခဲ့တယ်
တစ်နှစ်ကြာပြီးနောက်မှာတော့ ဘူတာရုံလေးမှာပြန်ပေါ်လာတဲ့ ဆူးအာ
ဒါပေမဲ့မှတ်ဥာဏ်ပျောက်နေပြီးဘာမှမမှတ်မိပါဘူး
ဆူးအာကဘာကြောင့်သေသွားရတာလဲ…..
သေပြီးတဲ့သူကဘာကြောင့်ပြန်ပေါ်လာတာလဲ
မှတ်ဥာဏ်တွေရပြီးရင်ရော သူဆက်နေဖြစ်မှာလား…….
ပြန်သွားရမလားဆိုတော့…….
ဆူးအာဆိုတဲ့ ကောင်မလေးကကော နောက်တစ်ဖန် ၀ူဂျင်းကို ချစ်မိသွားအုံးမှာလား…
ဇာတ်လမ်းက ၅၂၈ မေတ္တာနဲ့ ၁၅၀၀ မေတ္တာ နှစ်ခုစလုံး ခံစားမိစေပြီး သားနဲ့ အမေ….. ကောင်လေး နဲ့ ကောင်မလေး…. အဖေ နဲ့ သား….
ဒီလို သံယောဇဉ် လေးတွေကြားမှာ ဘယ်လိုမျိုး ရသ ထပ်ပြီးတော့ ပေါင်းစပ်ထားတာလဲ….
ဇာတ်လမ်းလေးကို တစ်ခါ ကြည့်ရုံနဲ့ ရင်ထဲမှာ အမှတ်တရ ဖြစ်သွားစေနိုင်မယ့် ဇာတ်ကားမျိုးလေး ဖြစ်လို့ ကြည့်ရှု့ ခံစားလိုက်ပါအုံးခင်ဗျာ…..
Credit:Channel Myanmar
Subscribe to:
Post Comments (Atom)

No comments:
Post a Comment