လတ်တလောထွက်ရှိလာတဲ့ကားသစ်လေးတစ်ကားကို မိတ်ဆက်ပေးလိုက်ပါတယ်။
အက်ရှင်ဇာတ်လမ်းကြိုက်သူတွေအတွက်တင်ဆက်ထားတဲ့ ကားလေးနာမည်ကတော့ The escape of prisoner 614 (2018)ပါ။
လောကကြီးမှာ အပြစ်မရှိပဲနဲ့ မတရားခံရတာလောက် ခံပြင်းစရာကောင်းတဲ့ ကိစ္စမရှိတော့ပါဘူး
အသွားမတော်မလှမ်း ဆိုတဲ့ အတိုင်း အထင်မှတ်ထားတဲ့ နေရာမှာ ကိုယ်က ထိုးကျွေးခံလိုက်ရတော့ အပြစ်မရှိပဲ သူများအစား အပြစ်ကို ခံရပါတော့တယ်
ဒီကားလေးက ကောင်းဘွိုင်ဆန်ဆန်ကားလေးဖြစ်ပြီးတော့ ကောင်းဘွိုင်ကားကြိုက်နှစ်သက်တဲ့သူတွေ အကြိုက်တွေ့မယ့်ကားလေးဖြစ်မှာပါ
ဇာတ်လမ်းလေးအကျဉ်းကတော့ အကျဉ်းသားတစ်ယောက်ထောင်ဖောက်ပြေးတာကနေ စတာပါ။
အဲ့ဒီလွတ်မြောက်သွားတဲ့ အကျဉ်းသားဟာ သူအပြစ်မရှိဘူးလို့ အခိုင်အမာငြင်းဆိုနေခဲ့ပါတယ်။
ဇာတ်ရှိန်တက်လာတာနဲ့အမျှ သူ့တကယ်ပဲအပြစ်ရှိသလား
အကွက်ဆင်လုပ်ကြံခံရတာလား
အကွက်ဆင်ခံရတယ်ဆို အဲ့ဒီနောက်မှာ ဘယ်သူတွေရှိနေတာလဲ
သူထင်သလိုရော ရိုးရှင်းလွယ်ကူပါ့မလားဆိုတာ
ရင်တစ်ဖိုဖိုနဲ့ ကြည့်ရှုရမယ့်ကားကောင်းလေးပါ။
Credit:Channel Myanmar

No comments:
Post a Comment