Saturday, May 5, 2018
18035 The Hurricane Heist (2018) {Action,Thriller}
အခု ပရိတ်သတ်ကြီးအတွက် တလောကမှရုံတင်သွားတဲ့ The Hurricane Heist ဆိုတဲ့ကားလေးကို မိတ်ဆက်ပေးချင်ပါတယ်
ဝေနဲ့ ဘရိဇ်တို့ ညီအစ်ကိုနှစ်ယောက်က မုန်တိုင်းခဏခဏဝင်လေ့ရှိတဲ့ မြို့လေးမှာ ဖခင်ဖြစ်သူနဲ့နေထိုင်ကြပါတယ်
တစ်နေ့မှာ မုန်တိုင်းတစ်ခုကြောင့် ဖခင်ဖြစ်သူကို ဆုံးရှုံးလိုက်ရပါတယ်
နောက် နှစ်ဆယ့်ငါးနှစ်အကြာမှာတော့ အစ်ကိုဖြစ်သူဘရိဇ်က မြို့လေးမှာပဲ အဟောင်းပြင်ဆိုင်လေးတစ်ဆိုင် ဖွင့်ထားပြီးညီဖြစ်သူဝေလ်ကတော့ မုန်တိုင်းတွေကို ကြောက်တဲ့ မိုးလေဝသပညာရှင်ဖြစ်လာခဲ့ပါတယ်
ကေဆီကော်ဗင်လို့အမည်ရတဲ့ မိန်းကလေးကတော့ငွေအဟောင်းတွေကို ဖျက်ဆီးဖို့ သယ်လာပေးရတဲ့ အရာရှိပါ
တစ်နေ့မှာ တန်မီလို့အမည်ပေးထားတဲ့ မုန်တိုင်းက ဒီမြို့လေးကိုထပ်ဖြတ်ဖို့ အကြောင်းဖန်လာပါတယ်
အဲ့ဒီအချိန်မှာပဲ ဒီမုန်တိုင်းကို အသုံးချပြီးနိုင်ငံတော်ဘဏ္ဌာတိုက်ကို ဖောက်ဖို့ကြိုးစားနေတဲ့သူတွေလည်း ရှိနေပြန်ပါတယ်
အဲ့ဒီအရှုပ်တွေကြား ဘရိဇ်တစ်ယောက်ပါသွားတဲ့အခါ…
ကေဆီနဲ့ ဝေလ်တို့ နှစ်ယောက်ပေါင်းပြီး မုန်တိုင်းကြားက ဘရိဇ်နဲ့ ကျန်တဲ့ ဓါးစာခံတွေကိုကယ်ထုတ်နိုင်မှာလား
ဒါမှမဟုတ် လူဆိုးတွေကပဲ ပိုက်ဆံတွေနဲ့ လွတ်သွားမလား
လောဘဇောတက်လာတဲ့အခါ ကိုယ့်အရင်းနှီးဆုံးမိတ်ဆွေတောင် စိတ်ပြောင်းသွားနိုင်ကြောင်း…
အစ်ကိုဖြစ်သူအသက်အန္တရာယ်နဲ့ကြုံတွေ့လာရတဲ့အခါ မိမိရဲ့အကြောက်တရားကို ကျော်လွှားဖို့ ကြိုးစားခဲ့တဲ့ ညီဖြစ်သူရဲ့ မေတ္တာတရား စတာတွေကို မြင်တွေ့ခံစားရမှာပါ
ဒီဇာတ်ကားကို The Mummy 3 နဲ့ Dragon Heart ကိုရိုက်ကူးခဲ့တဲ့ Rob Cohen ကရိုက်ကူးထားပြီးIMDB Rating အနေနဲ့ 4.9/10 ရရှိထားပါတယ်
(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ မမမေမြတ်သူပါ)
Credit:Channel Myanmar
Subscribe to:
Post Comments (Atom)

No comments:
Post a Comment