Saturday, May 5, 2018
18030 The Princess and the Matchmaker (2018) Korea {Comedy,History,Romance}
ကဲ အိုဂုံပရိသတ်တွေအတွက် အိုဂုံရဲ့ 2018 Feb 28 မှာရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်လေး လာပါပြီနော်….
ဒီရုပ်ရှင်လေးကတော့ romantic comedy အမျိုးအစားဖြစ်ပြီး IMDB 6.1/10 Asian Wiki user rating 93% ရထားတဲ့ ရုပ်ရှင်လေးပါ….
ဒါ့အပြင် မင်းသားချောလေးတွေဖြစ်တဲ့
Le Seung-gi
Yeon Woo-jin
Kang Min -hyuk
Choi Woo-shik တို့နဲ့အတူ မင်းသမီး Shim Eun-Kyung က ပါဝင်သရုပ်ဆောင်ထားပါတယ်…
ဇာတ်လမ်းအကျဉ်းလေးကတော့….
ဆုန်းဟွာမင်းသမီး (Shim Eun-Kyung) ဟာ သူနဲ့လိုက်ဖက်သင့်တော်မဲ့ ကြင်ရာဖက် မတူတဲ့ဇာတာခွင်အမျိုးမျိုးနဲ့ ဇာတာရှင် ၄ယောက်ထဲက တစ်ယောက်နဲ့လက်ထပ်ရမှာဖြစ်သော်လည်း နန်းတော်က ထွက်ပြေးပြီး သူမ တကယ်ချစ်ခင်စုံမက်သူကိုသာ လက်ထပ်လိုသူ…..
မင်းသမီးဆုန်းဟွာနဲ့ ကြင်ရာဖက် ၄ယောက်ရဲ့ဇာတာကို ဇာတာကိုက် မကိုက် တွက်ချက်ပြောဆိုပေးရသူ ဂျိုဆွန်းစုံစမ်းစစ်ဆေးရေးရုံးက ခေါင်းဆောင် စောဒိုယွန်း (Le Seung-gi)….
ဇာတာတွက်ရာမှာ အလွန်တော်တဲ့ စောဒိုယွန်းဟာ ဇာတာခွင်တွေကို ဘယ်လိုတွက်ချက်ပေးမလဲ…
နန်းတွင်းအမှုထမ်းတာဝန်ထမ်းဆောင်ရင်း မင်းသမီးနဲ့ ဘယ်လိုတွေ့ဆုံရမလဲအပြင်
တစ်ခြား မင်းသားချော ၃ယောက်ကလည်း အခါတိုင်းကားတွေရဲ့ ဇာတ်ရုပ်တွေနဲ့ ကွဲပြားစွာ ဘယ်လိုပိုင်နိုင်စွာ သရုပ်ဆောင်ကြမလဲဆိုတာတောအပြင် ဟာသ ၊ အချစ်၊ အလွမ်းအားလုံး သူ့နေရာနဲ့သူ အံဝင်ဂွင်ကျ ပါဝင်တာမို့ ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်လေးတစ်ကားပါ…..
အထူးသဖြင့် ဒီကားထဲမှာပါတဲ့ နာမည်ကျော်မင်းသား ၄ယောက်လုံးဟာ အရင်မြင်နေကျပုံစံမျိုးတွေနဲ့ မတူခြားနားစွာ ပါဝင်ထားကြတာကို ညွှန်းပါရစေ……. ဒါ့အပြင် Shinee Minho လေးလည်းပါသေးတယ်နော်….
အများကြီးပြောပြလိုက်ရင် spoilသလိုဖြစ်မှာစိုးလို့ လက်လွတ်မခံဘဲကိုယ်တိုင်သာ ကြည့်ရှုလိုက်ကြပါ အချစ်တို့ရေ …
Credit: Myanmar Asian Tv
Subscribe to:
Post Comments (Atom)

No comments:
Post a Comment