Saturday, May 5, 2018

18057 Seven Years of Night (2018) Korea {Action,Drama,Thriller}


ပထမဆုံးပြောရမယ်ဆိုရင် ဒီကားဟာကျွန်တော်တို့မြန်မာပရိတ်သတ်တွေနဲ ရင်းနှီးပြီးသားဖြစ်တဲ့ မင်းသား Ryu Seung နဲ့ မင်းသား Jang Dong Gun (ဒါရိုက်တာရင်) တို့ကပါဝင်ထားပြီး ထူးချွန်ဆုတွေရရှိထားတဲနာမည်ကျော်ကိုရီးယားဒါရိုက်တာကဖန်တီးရိုက်ကူးထားပါတယ်….
ဒီကားကို အမေရိကန်ပြည်ထောင်စု Los Angeles , Buena Park,Jersey နဲ့ Vancouver တို့မှာပြသခဲ့ပါတယ်…
ချွဲဟွန်းဆူဆိုတဲ့သူဟာ မြူခိုးထူထပ်တဲ့တစ်ညမှာ ဆဲယောင်းရွာမှာရှိတဲ့ သူ့မိသားစုနဲ့အတူတူနေဖို့အတွက်ဝယ်ထားတဲ့အိမ်လေးကို သွားကြည့်မယ်ဆိုပြီးတော့ အရက်မူးမူးနဲ့ထွက်လာခဲ့ပါတယ်…
ဆဲယောင်းရွာအရောက်မှာတော့ ဟွန်းဆူဟာ အသက်၁၂နှစ်အရွယ်ကောင်မလေးတစ်ယောက်ကို မတော်တဆ ကားနဲ့တိုက်မိသွားပြီး အလောင်းကိုတော့ ဆဲယောင်းရွာရှိ လူသားစားတယ်လို့ နာမည်ကြီးနေတဲ့ ရေကန်ထဲကို ကြောက်လန့်လန့်ဖြင့် ပစ်ချခဲ့ပါတယ်…
သေဆုံးသွားတဲ့ကောင်မလေးရဲ့အဖေကလဲ ဆဲယောင်းရွာမှာ အမျက်ဒေါသအလွန်ကြီးပြီး အလွန်ဆိုးသွမ်းလှတဲ့ သူဌေး ၀ူယောင်းဂျယ်ဖြစ်နေပါတယ်…
ဝူယောင်းဂျယ်ဟာ သူ့ရဲ့မတရားသေဆုံးသွားရတဲ့သမီးလေးအတွက်ယူကြုံးမရဖြစ်ကာ ချွဲဟွန်းဆူနဲ့ သူ့မိသားစုကို ကလဲ့စားချေမယ်ဆိုပြီးဒေါသထွက်နေခဲ့ပါတယ်…
အဲဒီနောက်မှာတော့လူသတ်သမားကို သူ့ဘာသာရှာဖွေခဲ့ပြီးလက်တုံ့ပြန်ကလဲ့စားချေဖို့အတွက်အစီစဉ်တွေရေးဆွဲခဲ့ပါတယ်…
ဒီကားဟာ စာရေးဆရာ Jeong You Jeoung ရဲ့ရောင်းအားအကောင်းဆုံးဝတ္တုဖြစ်တဲ့ Seven Years of Darkness ကိုအခြေခံထားတဲ့ လူသားတို့ကြားမှာရှိနေတဲ့ မကောင်းဆိုးဝါးလူသားကိုဖော်ထုတ်နိုင်ဖို့အတွက်ရိုက်ကူးခဲ့ပါတယ်…
ဒါရိုက်တာ ချိုချန်မင်းရဲ့ရိုက်ချက်တွေကနေရှုပ်ထွေးတဲ့ဇာတ်ကောင်တွေရဲ့စိတ်ခံစားချက်တွေကို နစ်မျောသွားနိုင်မှာပါ…
ဒါရိုက်တာချိုဟာ သူချပြခဲ့တဲ့ Late Blossom နဲ့ Masquerade ရုပ်ရှင်ကားတွေမှာလို ဇာတ်ကြောင်းကိုပြောပြတဲ့ပုံစံကြောင့်လူသိများပါတယ်…
ဒီကားကိုတောင်ကိုရီးယားနိုင်ငံမှာ မတ်လ ၂၈ ရက် ၂၀၁၈ ခုနှစ်ကရုံတင်ခဲ့ပြီးတော့ CJ Entertainment ကနေဖြန့်ချီထားပါတယ်….
Credit:Channel Myanmar

No comments:

Post a Comment