Saturday, May 5, 2018

18053 Forever My Girl (2018) {Drama,Music,Romance}


ဒီဇာတ်ကားဟာ ၂၀၁၈ ခုနှစ်မှာထွက်ရှိထားတဲ့ ဒရမ်မာအမျိုးအစားကားဖြစ်ပါတယ်။။
ကန်းထရီးအဆိုတော်တစ်ယောက်ဖြစ်တဲ့ လီယမ်ဟာ အောင်မြင်မှုနောက်ကိုလိုက်ရင်း ချစ်သူကောင်မလေးကိုလက်တွဲဖြုတ်ခဲ့ပါတယ်…
နောင်ရှစ်နှစ်အကြာမှာမွေးရပ်မြေကသူငယ်ချင်းဟောင်း တစ်ယောက်ရဲ့အသုဘကိုလာရင်းနဲ့ သူတို့အချင်းချင်းတွေ့ဆုံဖို့ဖြစ်လာပါတော့တယ်….
အောင်မြင်မှု့နောက်ကိုလိုက်ရင်းနဲ့ ချစ်ရသောချစ်သူကိုပစ်ထားခဲ့ရပေမယ့် လီယမ်မှာ သူ့ချစ်သူကောင်မလေးရဲ့နောက်ဆုံးပို့ထားတဲ့ Voice Message လေးရှိတဲ့ ဖုန်းအစုတ်လေးကိုပဲ ၈ နှစ်ကြာကြာပေတေကိုင်ရင်း မနက်နိုးတိုင်း အိပ်ခါနီးတိုင်း နေ့တိုင်းကိုအဲဒီ Message လေးနားထောင်ပြီးသူ့ရဲ့နေ့ရက်တိုင်းလိုလိုကို ဖြတ်သန်းခဲ့တာပါ….
ဒီလိုမျိုးချစ်သူကို ချစ်တတ်တဲ့စိတ်ကတော့ တကယ်ကိုလေးစားစရာပါပဲ…
သင်တို့မှာသာအဲလိုချစ်သူတစ်ယောက်ရှိရင် ဒီကားလေးကို Share ရင်း သူ့ကိုမျှဝေပေးလိုက်ပါ….
တကယ်တော့ အချစ်ဆိုတာအနားမှာရှိနေပြီး ဂရုစိုက်နေမှ အချစ်လို့မခေါ်ပါဘူး…
အချစ်ဆိုတာ သူ့အနားမှာရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သူနဲ့ပတ်သတ်သမျှအရာတွေအကုန်လုံးကို တန်ဖိုးထားတတ်တဲစိတ်လေးတစ်ခုပါ…
ဒီကားလေးဟာအေးစက်တဲ့ကားလေးတစ်ကားလို့ထင်ရပေမယ့် ဒီခေတ်အသုံးအနှုံးနဲ့ပြောရမယ်ဆိုရင် တကယ်ကို ရို တဲ့ကားလေးတစ်ကားပါ…
စာအုပ်နဲ့ရုပ်ရှင်အကြားကွဲလွဲမှုတွေရှိနေတယ်လို့ဒီကားဟာ ဝေဖန်ခံခဲ့ရပေမယ့် ပရိသတ်အားပေးမှုကိုရရှိထားပြီး Box Office မှာ အမြတ်အစွန်းများစွာရရှိထားတဲ့ကားကောင်းတစ်ကားပဲဖြစ်ပါတယ်…
Credit:Channel Myanmar

No comments:

Post a Comment