Saturday, May 5, 2018
18015 The Ferry Man Manjusaka (2018) China {Fantasy}
2018 ခုနှစ်ထဲမှာထွက်ရှိထားတဲ့ ခပ်လန်းလန်း တရုတ်မှော်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်
ဇာတ်ကားလေးက နတ်ဘုရားတွေကြားထဲက ပြသနာတွေနဲ့အချစ်ရေးလေးတွေကို ရိုက်ကူးပြထားတာပါ
ပြီးတော့ ဒီကားလေးက တရုတ်ဒဏ္ဍာရီထဲက မေ့လျော့ချင်း နတ်ဘုရားမလို့ သိကြတဲ့ Meng Po ရဲ့ အကြောင်းကို ဇာတ်ကြောင်းဆင်ရိုက်ကူးထားတာဖြစ်ပါတယ်
ထွက်ထားတာသိပ်မကြာသေးတာကော ပြီးတော့စာတန်းထိုးဖိုင်ကို ကိုယ်တိုင် လုပ်ယူထားတာကြောင့်နည်းနည်း ကြန့်ကြာသွားတာပါ
ဇာတ်လမ်း အကျဉ်းလေးကတော့ အနှစ်၈၀၀၀ အတွင်းမှာ San Qi နေထိုင်တဲ့ အနောက်ဖက်ကျွန်းကို ဘယ်သူမှ မရောက်ရှိခဲ့ဘဲနဲ့ တယော်ကထဲ အထီးကျန်စွာနဲ့ နေထိုင် နေခဲ့ပါတယ်
သူဟာ နုံအ ရိုးလွန်းတော့ သူ့ကို စေ့စပ်ထားတဲ့ Zhao Li ရဲ့ ငြင်းပယ်ခြင်းကိုပါခံခဲ့ရတာကြောင့် သူ့မှာရှိတဲ့ Manjusaka ဟာ ချောက်သွေ့ညိုးနွမ်းနေပါတော့တယ်
တစ်ရက်မှာတော့ သူ့ကံကြမ္မာကဖေးမပြီး သူ့ရဲ့ ဘ၀ထဲကို Chang Sheng ဆိုတဲ့လုလင်ပျိုတစ်ယောက် ရောက်လာခဲ့ပြီး သူဟာ မြင်မြင်ခြင်းပဲကြွေသွားပါတယ်
San Qi တစ်ယောက် အချစ်စိတ်တွေ ပေါက်ဖွားလာတာနဲ့ တစ်ပြိုင်နဲ့ မှာပဲManjusaka ဟာလဲ ပွင့်လန်းလာပါတော့တယ် ဒီပွင့်လန်းလာတဲ့ Manjusaka ကြောင့် ဘာတွေဆက်ဖြစ်လာနိုင်မလဲ
Zhao Li ကကော ဒီ Manjusaka ကြီးပွင့်လန်းလာမှာစိုးလို့ San Qi ကို ငြင်းလိုက်တာများလား ဆိုတာတွေနဲ့ ဒီပွင့်လန်းလာတဲ့ Manjusaka ကြီးကြောင့် သူတို့တွေ ဘာတွေကို ဆက်လက်တွေ့ကြုံကြရမလဲဆိုတာကိုတော့ ပရိတ်သတ်ကြီးကဆက်လက်ကြည့်ကြရမှာပါ
Credit:Channel Myanmar
Subscribe to:
Post Comments (Atom)

No comments:
Post a Comment