Saturday, May 5, 2018

18032 Z-O-M-B-I-E-S (2018) {Musical,Romance}


တက္ကသိုလ်တော်တော်များက ကျောင်းသားကျောင်းသူတွေ ဒီနေ့ စာမေးပွဲပြီးတာဆိုတော့က … Exam ပြီးတဲ့ အထိမ်းအမှတ်အနေနဲ့ အေးဆေးလွင့်လို့ရအောင် 2018 ခုနှစ်မှာ Disney ကနေ ထွက်ရှိလာခဲ့တဲ့ Zombies လို့ အမည်ရတဲ့ Romance , School , Musical & Dance ဇာတ်ကားလေး တစ်ကားကို တင်ဆက်ပေးလိုက်ရပါတယ် ….
ဇာတ်လမ်းအကျဉ်းလေးကတော့ –
မတော်တဆပေါက်ကွဲမှု တစ်ခုကြောင့် အေးချမ်းနေတဲ့ Seabrook ဆိုတဲ့ မြို့လေးရဲ့ တစ်ဝက်လောက်က ဦးနှောက်စားတဲ့ zombies တွေ အဖြစ်ပြောင်းလဲသွားခဲ့ရတယ် …
ဒါပေမဲ့ နှစ်ပေါင်း ၅၀ ကြာမြင့်ပြီးနောက်မှာတော့ သိပ္ပံပညာရှင်တွေရဲ့ တီထွင်ကြံဆမှု တွေကြောင့် zombie တွေက ဦးနှောက်မစားတော့ပဲ လူသားတွေနီးတူ ဖြစ်လာကြတယ် …
Seabrook ပြည်နယ်က အစိုးရကလည်း တရားဝင် zombie တွေကိုနေထိုင်ခွင့်ပြုခဲ့တယ် … နေထိုင်ခွင့်သာပြုခဲ့တယ်ဆိုပေမဲ့ အရင်တုန်းက လူဖြူလူမည်းခွဲခြားသလိုမျိုး …. အဲ့မြို့မှာလဲ ဇွန်ဘီးနဲ့လူ ဆိုပြီး ခြားနားတာလေးတွေရှိတော့ … zombie တွေကလည်း နှာခေါင်းရှုံ့ခံရတာပေါ့ …
ဒါပေမယ့် zombie ဖြစ်တဲ့ ဇက် ဆိုတဲ့ ကောင်လေးနဲ့ … လူဖြစ်သူ အဲဒီဆင် လေးနဲ့ စပြီး ချစ်ကြိုက်သွားမိရာကနေ ဇာတ်လမ်းလေးကို အစပြိုးထားတယ် …
Zombies လေးတွေကလဲ သူတို့လူတွေနဲ့တသားတည်းဖြစ်ချင်လို့ကြိုးစားကြတယ် … ဇာတ်လမ်းထဲမှာ စကားပြောခန်းလေးတွေက သံစဉ်လိုလေးတွေနဲ့ပေါ့ … သီချင်းလေးတွေလဲကောင်းတယ် …. ( သီချင်းကိုကျော်မှာစိုးလို့ပြောပြတာ.? ) ကိုယ်ဆို သီချင်းလေးတွေကို သဘောကျလို့ Album လိုက် Download လုပ်ထားတယ် xD …
ဇာတ်လမ်းလေး ကြည့်ပြီးရင်တော့ စိတ်ထဲ တစ်ခုခုတော့ ကျန်ခဲ့မှာပါ … Musical ဇတ်ကားတွေကို သဘောကျသူ … ကျောင်းသားကျောင်းသူ လူငယ်ဇာတ်ကားလေးတွေကို သဘောကျသူတွေ အနေနဲ့ကတော့ ဒီဇာတ်ကားလေးက စိတ်ကျေနပ်မှုပေးစေနိုင်မှာပါ …
Rating အရ IMDb မှာ 6.7/10 ရရှိထားပါတယ် …
Credit: Myanmar Asian Tv

No comments:

Post a Comment