Saturday, May 5, 2018

18044 6 Balloons (2018) {Drama}


ဇာတ်လိုက်ကတော့ Now You See Me ဇာတ်ကားတွေနဲ့ အခုနောက်ဆုံး The Disaster Artist မှာပါဝင်ထားတဲ့ မင်းသားချော Dave Franco ပဲဖြစ်ပြီး သူကဒီဇာတ်ကားထဲမှာသမီးလေးတစ်ယောက်ရှိပြီး ဆေးစွဲနေတဲ့ ဆက်သ် အဖြစ်ပါဝင်ထားပါတယ်
ဇာတ်လမ်းလေးကတော့ ကေတီက အကုန်လုံးကိုစေ့စေ့စပ်စပ်နဲ့ လိုက်ပြီး ဇီဇာကြောင်တတ်တဲ့ ဆက်သ်ရဲ့အစ်မပါ
ကေတီက ဆတ်သ်ကိုအရမ်းချစ်ပါတယ်
တစ်နေ့ သူရဲ့ချစ်သူဂျက်အတွက် surprise မွေးနေ့ပါတီ ကျင်းပပေးဖို့ စီစဉ်နေတုန်း ဆက်သ်တစ်ယောက်ဆေးပြန်စွဲနေတာကို သိသွားတဲ့အခါ ဆတ်သ်အတွက် မြို့ပတ်ပြီး ဆေးဖြတ်စင်တာလိုက်ရှာပေးပါတော့တယ်
ဒါပေမယ့် ထင်သလောက်မရိုးရှင်းတဲ့ အဖြစ်အပျက်တွေနဲ့ ကြုံလာရတဲ့အခါမှာတော့..
ဆတ်သ်တစ်ယောက် ဒီလိုဘဝကရုန်းထွက်နိုင်ပါ့မလား
ကေတီကရော ဆတ်သ်အတွက်အမြဲအနစ်နာခံ လိုက်လုပ်ပေးနိုင်ပါ့မလား ဆိုတာဆက်လက်ကြည့်ရှုရမှာပါ
ဇာတ်ညွှန်းနဲ့ ဒါရိုက်တာကတော့ Marja Lewis Ryan ဖြစ်ပြီးIMDB rating 5.9/10 ရရှိထားပါတယ်
Credit:Channel Myanmar

No comments:

Post a Comment