Saturday, May 5, 2018
18016 Beast of Burden (2018) {Action,Crime,Drama}
Beast of Burden ရုပ်ရှင်ဇာတ်ကားဟာ ၂၀၁၈ခုနှစ်မှ ပူပူနွေးနွေးဖြန့် ချိထားတဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်
Imdb Rating 5.5/10 ရရှိထားပြီးဇာတ်လမ်းကြာမြင့်ချိန်ကတော့ ၁နာရီခွဲပါ
ပါဝင်သရုပ်ဆောင်ထားသူတွေကတော့ ဟယ်ရီပေါ်တာမင်းသားချော Daniel Radcliffe…..Grace Gummer…..Pablo Schreiber တို့ ဖြစ်ကြပါတယ်……
ဇာတ်လမ်းအကျဉ်းလေးကတော့ ရှောင်ဟာ မိန်းမဖြစ်သူရဲ့ ကင်ဆာရောဂါကို ကုသဖို့ အတွက် တရားမဝင်ပစ္စည်းများကို လေယာဉ်ပျံနဲ့ ပို့ ဆောင်ရင်း ရဲဘက်ဆိုင်ရာနဲ့ ပူးပေါင်းပြီး စစ်ဆင်ရေးမှာပါဝင်ကူညီပေးရပါတော့တယ်……
ဤကဲ့သို့ သောအခြေအနေမျိုးတွင် လူဆိုးများဘက်ကလည်း မသင်္ကာ…..
ရဲဘက်ကလည်း စစ်ဆင်ရေးပြီးတာနဲ့  သူ့ ကိုအရေးယူမယ့်အခြေအနေ……
ဓားစာခံအဖြစ် မိန်းမဖြစ်သူဖမ်းခေါ်ခံရ……..
စတဲ့အဖြစ်အပျက်တွေကြားမှာ ရှောင်တစ်ယောက် အခက်အခဲတွေကို ဘယ်လိုဖြတ်ကျော်ပြီး မိန်းမဖြစ်သူကိုကယ်တင်သွားမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် အက်ရှင်ကားလေးဖြစ်ပါတယ်
Credit:Channel Myanmar
Subscribe to:
Post Comments (Atom)

No comments:
Post a Comment